30 May

"Preparation Program for Exportation and European Market Readiness" ပရိုဂရမ်၏ လျှောက်လွှာခေါ်ယူခြင်းအစီအစဉ်ကို ဇွန်လ (၅) ရက်နေ့၊ ၂၀၂၂၊ တနင်္ဂနွေနေ့ အထိတိုးမြှင့်လိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ပို့ကုန်တင်ပို့ခြင်း၊ ဉရောပဈေးကွက်သို့တင်ပို့ခြင်းနဲ့ မိမိရဲ့ စီးပွားရေး စွမ်းဆောင်ရည်များအပေါ်မှာ ကျွမ်းကျင်ပညာရှင်တို့ရဲ့ ပံ့ပိုးကူညီမှုများနှင့် ပို့ကုန်တင်ပို့ခြင်းကွန်ရက်များပိုမိုဖြန့်ကျက်နိုင်ရန်၊ ဉရောပဈေးကွက်ကို ထိတွေ့ခွင့်ရရှိမဲ့ အခွင့်အရေးများ အခုပဲလျှောက်ထားပြီး ရယူလိုက်ပါနော်။ လျှောက်ထားရန်။ ။ https://bit.ly/PreparationProgramforExportationandEuropeanMarketReadiness လျှောက်လွှာလုပ်ငန်းစဉ် (သို့မဟုတ်) ပရိုဂရမ်နှင့် ပက်သက်ပြီး သိရှိလိုပါက ဖုန်း (ကိုဘုန်းမြတ်ကျော် - ၀၉ ၉၇၃၄၇၄၁၄၁)၊ (မသဇင်ထွဋ် - ၀၉ ၉၆၃၂၈၇၉၁၂) (သို့မဟုတ်)…

16 May

၂၀၂၂ ခုနစ်အတွက် Falling Walls Lab Myanmar 2022 မှလျှောက်လွှာများ စတင်ခေါ်ယူနေပါပြီ။ Falling Walls Lab သည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ဆန်းသစ်တီထွင်သူများနှင့် ပညာရပ်နယ်ပယ်အသီးသီးမှ ထူးချွန်သောကျောင်းသားများမှ ၄င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုရှိပြီး ခိုင်မာသော အတွေးအခေါ်များ၊ သုတေသန စီမံကိန်းများနှင့် လူမှုရေးလုပ်ငန်းများကို ဂျာမဏီနိုင်ငံ၏ မြီု့တော် ဘာလင်မြို့တွင် တင်ပြန်ိုင်မည့် နေရာတစ်ခုအဖြစ် ၂၀၁၆ ခုနစ်မှ စတင်၍ နှစ်စဉ်အကောင်အထည်ဖော်လျက်ရှိပါသည်။ Impact Hub Yangon သည် ထပ်မံ၍ မိတ်ဖက်အနေဖြင့် ၂၀၂၂ ခုနစ်အတွက် Falling Walls Lab Myanmar တွင် Scholar Institute,…

11 May

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉နှင့် လတ်တလော အခြေအနေများ ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အလွန်ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါတယ်။ ထိုအခြေအနေများကြောင့် စီးပွားရေးအခင်းအကျင်းများ ပြောင်းလဲလျက်ရှိပြီး လက်ရှိပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များမှာလည်း အခက်အခဲများကြုံတွေ့ရလျက်ရှိပါတယ်။ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှာလည်း ရေရှည်ဆက်လက်ရပ်တည်နိုင်ရန်အတွက် စိန်ခေါ်မှုများဖြစ်သော ဈေးကွက်ရှာဖွေရန်ခက်ခဲခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ကျိုးပျက်ခြင်း၊ ငွေကြေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေသော ပြဿနာများနှင့် ငွေကြေးမတည်ငြိမ်သော ပြဿနာများ အစရှိသည်တို့ကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါတယ်။ ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော အခက်အခဲများကြားမှာ ဆက်လက်လည်ပတ်နိုင်ရန်နှင့် ရေရှည်တည်တံ့နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသည် ဈေးကွက်လိုအပ်ချက်အသစ်များကို ဖြည့်ဆည်းနိုင်ရန် ဈေးကွက်အသစ်များ ရရှိစေခြင်း စသည့် အမျိုးမျိုးသော ထောက်ပံ့ကူညီမှုများကို…