22 Jun

Falling Walls Lab Myanmar မှ ၂၀၂၂ ခုနစ် Falling Walls ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသားများ၊ စွန့်ဦးတီထွင်သူများ၊ ဆန်းသစ်သော စိတ်ကူးစိတ်သန်းရှိသူများအား ခေါ်ယူလျက်ရှိပါတယ်။ နယ်ပယ်အသီးသီးဖြစ်သော စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံ၊ စီးပွားရေးနှင့် ဒဿနိကဗေဒမှအစ အခြားသော လစ်ဗရယ်ပညာရပ်များမှ ထူးချွန်သူများမှ လျှောက်ထားနိုင်ပါတယ်။ သတ်မှတ်ချက်များအနေဖြင့် လျှောက်ထားသူ၏ ဘွဲ့ရရှိသည့်အချိန်မှာ (၁၀) နှစ်ကျော် မဖြစ်ရပါ။ လျှောက်ထားသူသည် မဟာဘွဲ့ရရှိထားပါက ဘွဲ့ရရှိထားသည်မှာ (၇) နှစ်ထပ်ကျော်လွန်ခြင်းမဖြစ်ရပါ။ လျှောက်ထားသူသည် သမားတော်ဘွဲ့ရရှိထားပါက ဘွဲ့ရရှိထားသည်မှာ (၅) နှစ်ထပ်ကျော်လွန်ခြင်းမဖြစ်ရပါ။ ဘွဲ့လွန်တက်နေသောကျောင်းသားများနှင့် လက်ရှိမှာ တက္ကသိုလ်တက်နေသော ကျောင်းသားများလည်းလျောက်ထားခွင့်ရှိတယ်။ ရွေးချယ်ခြင်းခံရပါက ဘယ်တွေမျှော်လင့်နိုင်ပါသလဲ?…

17 Jun

“Preparation Program for Exportation and European Market Readiness” ကိုစိတ်ပါဝင်စားစွာနဲ့ အချိန်ပေးလျှောက်ထားခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ တင်သွင်းလာသောလျှောက်လွှာများအားလုံးကို အကဲဖြတ်ကော်မတီဖွဲ့စည်းကာ ကြည့်ရှုစစ်ဆေးနေပြီဖြစ်ပါတယ်။ အကဲဖြတ်ကော်မတီတွင် EuroCham Myanmar၊ Delegation of German Industry & Commerce in Myanmar နှင့် ပို့ကုန်တင်ပို့ခြင်းနှင့်ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး၊ FNF Myanmar၊ Impact Hub Yangon မှ အကဲဖြတ်သူများ အဖြစ်ပါဝင်ကူညီပေးထားခြင်း ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများအား အုပ်စု (၂) စုခွဲကာ ရွေးချယ်သွားမှာဖြစ်ပြီး အုပ်စုတစ်စုစီတွင် လုပ်ငန်း (၂၅)ခု ပါဝင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားလျှောက်ထားသူများ များပြားလွန်းတဲ့အတွက်ကြောင့်…

06 Jun

Cartier Women’s Initiative မှ ၂၀၂၃ ခုနစ်အတွက် လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အမျိုးသမီး စွန့်ဦးတီထွင်သူများ၊ ဆန်းသစ်ဖန်တီးသူများနှင့် လူမှုရေးရာ ပြောင်းလဲလုပ်ဆောင်သူများအား ခေါ်ယူလျက်ရှိပါတယ် Cartier Women’s Initiative ဆိုတာဘာလဲ? Cartier Women’s Initiative သည် နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ စွန့်ဦးတီထွင်ခြင်းနဲ့ ပက်သက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အမျိုးသမီးဦးဆောင်တဲ့ လုပ်ငန်းများနဲ့ အမျိုးသမီးပိုင်ဆိုင်တဲ့ လုပ်ငန်းများကို ရေရှည်တည်တံ့တဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများကို ဖန်တီးစေနိုင်ရန် ရည်ရွယ်ပြီးပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနစ်မှစတင်ကာ Cartier Women’s Initiative သည် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တို့ကို ငွေကြေးအထောက်အပံ့များပေးခြင်း၊ လူမှုရေးနှင့် လူသားအရင်းအမြစ်ထောက်ပံ့မှုများပေးခြင်းဖြင့်…

06 Jun

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြုလုပ်သွားမဲ့ “တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း” အစီအစဉ်မှာပါဝင်လျှောက်ထားရန် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဂျင်းတောင်သူများ၊ တန်ဖိုးမြှင့်ဂျင်းစားသောက်ကုန်ထုတ်လုပ်သူများနှင့် စားသောက်ကုန်ထုတ်လုပ်သူများအား ခေါ်ယူလျက်ရှိပါတယ်။ မြန်မာလူမျိုးများရဲ့ နေ့စဉ်ဘဝမှာ ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ဆေးဝါးအနေဖြင့်လည်း အသုံးပြုလေ့ရှိကြပါတယ်။ ဂျင်းကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိနေရာဒေသအတော်များများမှာလည်း ဂျင်းကို အလွယ်တကူရရှိနိုင်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်ဘဝမှာ ဂျင်းသည် မရှိမဖြစ်ပင်ဖြစ်သော်လည်း ဂျင်းကိုအသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းမှာ အလွန်ပင်နည်းပါးလျက်ရှိနေပါသေးသည်။ ထိုသို့ဖြစ်ရသည်မှာ နည်းပညာများ မရရှိခြင်းနဲ့ ဈေးကွက်အခွင့်အလမ်းများ နည်းပါးနေခြင်းတို့ကြောင့်ပင် ဖြစ်ပါတယ်။ အကျိုးရလာဒ် အနေဖြင့် တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ဈေးကွက်ထဲတွင်နည်းပါးလျက်ရှိပြီး ဂျင်းတောင်သူများအတွက်လည်း ဈေးကွက် အခွင့်အလမ်း…