12 Aug

နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ပဲဖြစ်ပါတယ်။ လူငယ်များဟာ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုများကို လုပ်ဆောင်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဌမှပါဝင်နေတာဖြစ်ပါတယ်။ ပိုမိုညီမျှပြီး အားလုံးပါဝင်တဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးဖို့ဆိုရင် မျိုးဆက်တစ်ခုနဲ့တစ်ခုကြားမှာ ချိတ်ဆက်မှုများကို အားကောင်းအောင်လုပ်ဖို့အရေးကြီးပါတယ်။ ထို့ကြောင့် မျိုးဆက်တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ အတားအဆီးများဖြစ်တဲ့ အသက်အရွယ်နဲ့ပက်သက်ပြီး ခွဲခြားဆက်ဆံခြင်းများနဲ့ stereotypes များကို သတိပြုမိပြီး ဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ်။ ထိုကြောင့် ယခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို “Intergenerational Solidarity”  မျိုးဆက်တစ်ခုနဲ့တစ်ခုကြား ချိတ်ဆက်မှုအားကောင်းစေခြင်း အပေါ်မှာအသားပေးထားခြင်းဖြစ်ပါတယ်။အ ပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုခြင်းနှင့်အတူ ရန်ကုန်မှာရှိတဲ့ လူငယ်များအတွက် အလုပ်အတွေ့အကြုံနဲ့ စွမ်းရည်များ မြှင့်တင်နိုင်မဲ့ “Youth Innovation…

12 Aug

THE WAIT IS OVER! “Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders’' အတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သင်ဟာ စွန့်ဦးတီထွင်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်းနဲ့ ဆန်းသစ်တဲ့စီးပွားရေး စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်လိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပါသလား? သင်ဟာ လက်ရှိမှာ အလုပ်သင်အတွေ့အကြုံများနဲ့ ပညာဆက်လက်သင်ယူဖို့အတွက် အရည်အသွေးမြှင်တင်နိုင်မဲ့ အခွင့်အရေးကို ရှာဖွေနေသူတစ်ယောက်ဖြစ်ပါသလား? သင်ဟာ အသက် (၃၀) အောက်လူငယ်တစ်ယောက်ဖြစ်ပြီး မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ စဉ်ဆက်မပြတ်လေ့လာလိုသူတစ်ယောက် ဖြစ်ပါသလား? သင်ဟာ (၂) လတာကြာမြင့်မဲ့ အလုပ်သင်အစီအစဉ်နဲ့ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းကို အချိန်ပြည့်တက်ရောက်နိုင်သူ တစ်ယောက်ဖြစ်ပါသလား?…

08 Aug

Opportunity Alert! ရန်ကုန်မှာရှိတဲ့ လူငယ်များအတွက် အကျိုးရှိစေမဲ့ အခွင့်အလမ်းကောင်းတစ်ခုကို မကြာမီမှာ ယူဆောင်လာပေးဖို့ရှိပါတယ်။ သတင်းကောင်းတစ်ခုကတော့ အခုအစီအစဉ်မှာဆိုရင် အလုပ်သင်အတွေ့အကြုံများ၊ အနာဂတ်လုပ်ငန်းခွင်ဝင်ရောက်ဖို့ လိုအပ်တဲ့ အရည်အသွေးမြင့်တင်မှုများ အပြင် အခြားသောခံစားခွင့်များကိုပါ ရရှိနိုင်မဲ့ အခွင့်အလမ်းများ လဲပါဝင်ဖို့ရှိပါတယ်။ ဒါကြောင့် အလုပ်သင်အတွေ့အကြုံရှာဖွေနေတဲ့ လူငယ်များ၊ ကိုယ့်အရည်အသွေးကို မရပ်မနားပဲ ဆက်လက်မြှင့်တင်ချင်တဲ့ လူငယ်များနဲ့ ဆန်းသစ်ဖန်တီးမှုများပြုလုပ်ချင်တဲ့လူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်တာမို့ စိတ်ဝင်စားသူများအနေနဲ့ အောက်က Link ထဲမှာ Pre-signup Form လေးဖြည့်ထားပေးဖို့ ဖိတ်ခေါ်ပါတယ်နော်။ https://bit.ly/presignupform အစီအစဉ်နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်များကိုတော့ မကြာမီမှာ Impact Hub Yangon ရဲ့ Facebook Page ကနေတင်ပေးသွားမှာ ဖြစ်တာမို့…

08 Aug

“European Market Information Update and Panel Discussion” ပွဲကို ဇူလိုင်လ (၂၄) ရက် ၂၀၂၂၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ရှိ Park Royal Hotel မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိပြုလုပ်ခဲ့ပါတယ်။ ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို ဉရောပဈေးကွက်အထိ တိုးချဲ့နိုင်စေရန် ပို့ကုန်တင်ပို့ခြင်းနဲ့ ပက်သက်တဲ့ လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များနဲ့ ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်မဲ့ နည်းလမ်းများနဲ့ ပက်သက်တဲ့ ဗဟုသုတများကို ရစေလိုသော ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ထိုပွဲမှာ Golden Bay Limited…

08 Aug

MEET OUR MEMBER! Impact Hub Yangon ရဲ့ co-worker များထဲမှ တစ်ဦးနဲ့ တွေ့ဆုံပြီး အင်တာဗျုး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ Impact Hub Yangon နဲ့ပက်သက်ပြီး co-worker များမှဘယ်လိုအမြင်များရှိသလဲနဲ့ အခုလိုခက်ခဲတဲ့ အခြေအနေများမှာ အခြားသောစွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုလည်း အားပေးစကားပြောထားပုံကို ကြည့်လိုက်ကြရအောင်နော်။ ကိုထက်အောင်လှိုင်ဟာ Binary Digital Solution ရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ Binary Digital Solution ဟာ ဒစ်ဂျစ်တယ်နည်းပညာများကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီးတော့ လက်ရှိမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများရဲ့ ဒစ်ဂျစ်တယ်နည်းပညာများ တပ်ဆင်ရာမှာ ပံ့ပိုးကူညီပေးနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် POS…