12 Aug

THE WAIT IS OVER!

“Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders’’ အတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သင်ဟာ စွန့်ဦးတီထွင်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်းနဲ့ ဆန်းသစ်တဲ့စီးပွားရေး စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်လိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပါသလား?

သင်ဟာ လက်ရှိမှာ အလုပ်သင်အတွေ့အကြုံများနဲ့ ပညာဆက်လက်သင်ယူဖို့အတွက် အရည်အသွေးမြှင်တင်နိုင်မဲ့ အခွင့်အရေးကို ရှာဖွေနေသူတစ်ယောက်ဖြစ်ပါသလား?

သင်ဟာ အသက် (၃၀) အောက်လူငယ်တစ်ယောက်ဖြစ်ပြီး မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ စဉ်ဆက်မပြတ်လေ့လာလိုသူတစ်ယောက် ဖြစ်ပါသလား?

သင်ဟာ (၂) လတာကြာမြင့်မဲ့ အလုပ်သင်အစီအစဉ်နဲ့ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းကို အချိန်ပြည့်တက်ရောက်နိုင်သူ တစ်ယောက်ဖြစ်ပါသလား?

ဒီလိုဆိုရင်တော့ ဒီအစီအစဉ်ဟာ သင်ရှာဖွေနေတဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာသေချာနေပါပြီနော်။

“Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders” အစီအစဉ်မှတစ်ဆင့် လူငယ်များကို အတူတကွစုစည်းသွားမှာဖြစ်ပြီး စွန့်ဦးတီထွင်ခြင်းနဲ့ပက်သက်တဲ့ စွမ်းရည်များ၊ အခြားသော ခေါင်းဆောင်မှု၊ အတွေးအခေါ်ဆန်းသစ်မှု၊ ဒီဇိုင်းစဉ်းစားခြင်းပညာရပ်၊ စီးပွားရေးစီမံချက်ရေးဆွဲခြင်း၊ စီးပွားရေးအရပြောဆိုဆက်ဆံခြင်းနှင့် ရေးသားခြင်း အစရှိတဲ့ စွမ်းရည်များကို မြှင့်တင်ပေးသွားမှာပဲဖြစ်ပါတယ်။ ထို့အပြင် လူငယ်များနဲ့ ရန်ကုန်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းများနဲ့လည်း ချိတ်ဆက်ပေးပြီး အလုပ်သင်အခွင့်အရေးများစီစဉ်ပေးခြင်းမှတစ်ဆင့်  လုပ်ငန်းခွင်အရည်အသွေးများတိုးတက်စေကာ လူငယ်များရဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်းအတွက် အဆင့်သင့်ဖြစ်စေမှာဖြစ်ပါတယ်။ ယခုအစီအစဉ်ရဲ့ အဆုံးမှာလည်း Innovation Challenge ပြိုင်ပွဲတစ်ခုကိုကျင်းပပြုလုပ်သွားဖို့ရှိပြီး အနိုင်ရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးသွားဖို့ ရှိပါတယ်။

ဒါကြောင့်ဒီလိုအခွင့်အရေးကို လက်လွှတ်မခံပဲ အခုပဲလျှောက်ထားလိုက်ပါတော့နော်။

စက်တင်ဘာလ (၂) ရက်နေ့ ၂၀၂၂ (တနင်္လာနေ့) မတိုင်ခင်အောက်ဖော်ပြပါလင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။[https://bit.ly/youth_innovation_challenge]

“Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders” အစီအစဉ်ကို  FNF Myanmar နှင့် Impact Hub Yangon မှပူးပေါင်းစီစဉ်ထားခြင်းဖြစ်ပါတယ်။

ပိုမိုသိရှိလိုသောသတင်းအချက်အလက်များနဲ့ မေးခွန်းများအတွက် Impact Hub Yangon သို့ ဖုန်း [09 963287912, 09 95185129] သို့မဟုတ် အီးမေးလ်  သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

THE WAIT IS OVER!

Applications for “Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders’’ are now officially open!

Are you interested in entrepreneurship, innovation and want to innovate and create new solution ideas?

Are you a youth who is currently looking for opportunities such as internships, experiences and skills building for further studies?

Are you a youth of age under 30 and want to do continuous learning and self improvement?

Are you the one who can commit to a two months internship and skills development training full time?

Then, this opportunity is definitely what you are looking for.

“Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders” will bring youth together and equip them with entrepreneurship related skills and other soft skills such as leadership, creative thinking, design thinking, business modeling, business communication, business writing and so on. Moreover, this opportunity will also connect youths with MSMEs in Yangon for the purpose of gaining internship opportunities, practical work experience, networking skills and other soft skills development that will make them ready for their future careers. At the end of the activity, there will be an Innovation Challenge Competition and the winners will be rewarded.

So, don’t miss out on this amazing opportunity and apply now.

Apply before 2 September 2022 (Monday) in the following link.

[https://bit.ly/youth_innovation_challenge]

“Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders” was implemented by Impact Hub Yangon with support from FNF Myanmar.

For more information and questions, please contact Impact Hub Yangon via Phone: [09 963287912, 09 95185129] and email: .

Leave a Reply

Your email address will not be published. Required fields are marked *