12 Oct
📢 ကိုဗစ် ၁၉ ရိုက်ခတ်မှုများမှ ပြန်လည်ထူထောင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်တည်တံ့စေရန် စွမ်းဆောင်ရည် မြှင့်တင်ရေးစီမံကိန်း 📢
📣 ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စတင်လိုသူများနှင့် ဆက်လက်တိုးချဲ့လိုသူများအတွက် စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း လျှောက်လွှာခေါ်ယူခြင်း 📣
UNDP Myanmar မှကြီးမှူး၍ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ကိုဗစ် ၁၉ ရိုက်ခတ်မှုများမှ ပြန်လည်ထူထောင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်တည်တံ့စေရန် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း နှင့် ကချင်ပြည်နယ် တို့တွင် လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ်ဖောက်ကားရေး နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို အခြေခံသော MSME လုပ်ငန်းများအား အဓိကထား၍ စီးပွားရေး စီမံကိန်း နှင့် စွန့်ဦးတီထွင် လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်ပေးမည့် စီးပွားရေးအထောက်အကူပြုသင်တန်းအား အွန်လိုင်း (Online) မှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သင်တန်းပြုလုပ်ရာတွင် စီးပွါးရေးလုပ်ငန်းသစ် စတင်လုပ်ကိုင်လိုသူများနှင့် စတင်ရန်အကြံအစည်ရှိသူများ အတွက် (Business Idea Stage) သင်တန်း နှင့် စီးပွားရေးလုပ်ငန်း လက်ရှိလုပ်ကိုင်နေသူများ အတွက် (Business Ongoing Stage) သင်တန်းဟူ၍ သင်တန်း အမျိုးအစား နှစ်မျိုးဖွင့်လှစ် သွားမည်ဖြစ်ပါသည်။
ယခုသင်တန်းမှတဆင့် စီးပွားရေးနှင့် သက်ဆိုင်သော မည်သည့် အကျိုးကျေးဇူးများရမည်နည်း❓
📍ကိုဗစ် ၁၉ ရိုက်ခတ်မှုများမှ စီးပွားရေးပြန်လည်ထူထောင်ရန် အထောက်အကူပြု နည်းဗျူဟာများအားမျှဝေခြင်း
📍စီးပွားရေးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်စေခြင်း
📍စီးပွားရေး နှင့် စျေးကွက်ရှာဖွေရေး အစီအစဉ်ရေးဆွဲနည်းများအား လေ့လာနိုင်ခြင်း
📍လုပ်ငန်းတိုးတက် စေရန်အတွက် လိုအပ်သော စီးပွားရေးဆိုင်ရာ ဗဟုသုတများ ရရှိစေခြင်း
📍ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်ရန်ပိုမိုကောင်းမွန်သော စီးပွားရေး စီမံမှုများ လုပ်ဆောင်လာနိုင်ခြင်း
သင်တန်းအား မည်သည့်ပုံစံဖြင့် ပြုလုပ်သွားမည်နည်း❓
ယခုသင်တန်းတွင် လက်ရှိစီးပွားရေးတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များမှလည်း စီးပွားရေး ပြန်လည်ထူထောင်ခြင်းနှင့် ပတ်သက်သော အကြံပေး ဆွေးနွေးမှုများကို လာရောက်ပြောကြားပေးခြင်း၊ ငွေကြေးဝန်ဆောင်မှုနှင့် အခြားလိုအပ်သော အချက်အလက်များကို လာရောက် ဆွေးနွေးပေးခြင်း၊ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများမှ MSME စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်ဆွေးနွေးပေးခြင်းများကိုလည်း ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
သင်တန်းအား အွန်လိုင်း မှတဆင့် Zoom Application ကို အသုံးပြု၍ ပြုလုပ်သွားမည်ဖြစ်ပါသည်။ သင်တန်းတစ်လျှောက်လုံးတွင် စီးပွားရေးနှင့် သက်ဆိုင်သော ဆွေးနွေးမှု၊ အကြံပေးမှု၊ လက်တွေ့ သင်ကြားမှုများအား အသေးစိတ်ပါဝင်သင်ပြသွားမည် ဖြစ်ပါသည်။
ယခုသင်တန်းအား မည်သို့လျှောက်ထားနိုင်မည်နည်း❓
ယခုသင်တန်းအား
📌ရန်ကုန်တိုင်း ဒေသကြီး
📌မန္တလေးတိုင်း ဒေသကြီး
📌ကချင်ပြည်နယ် စသည့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များမှ MSME စီးပွားရေးလုပ်ငန်းများ စတင်လိုသူများနှင့် ဆက်လက်တိုးချဲ့လိုသူများလျှောက်ထားနိုင်ပါသည်။ သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းခြင်းအား အွန်လိုင်း (Online Application) မှတဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
သင်တန်းသင်ကြားမှု အစီအစဉ်တွင် မည်သည့်အကြောင်းအရာများ ပါဝင်မည်နည်း❓
📍စာတွေ့ အကြောင်းအရာများ
📍လက်ရှိစီးပွားရေး အခြေအနေ၊ COVID-19 နှင့် ဆက်စပ်သော ဥပမာ သာဓကများ
📍သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများ အဖွဲ့လိုက် ဆွေးနွေးခြင်း
📍အထက်ပါ ဆွေးနွေးမှုများကို သင်တန်းတွင် ပါဝင်မည့် Facilitator (သင်တန်း သင်ကြားမှုအား ပံ့ပိုးပေးသူ) များမှ ပြန်လည်တင်ပြခြင်း၊ မေးခွန်းမေးခြင်း နှင့် သင်တန်းတွင် သင်ကြားမှုများအား ကိုယ်တိုင်လေ့လာနိုင်အောင် ကူညီပေးခြင်း
📍သင်တန်းသင်ကြားမှုနှင့်သက်ဆိုင်သော အမြင်များအား ပြန်လည် တင်ပြခြင်းနှင့် နောင်လာမည့် သင်တန်းသင်ကြားမှုနှင့်ပတ်သက်၍ ရှင်းပြတင်ပြခြင်း တို့ပါဝင်ပါသည်။
သင်တန်းပြီးဆုံးချိန်တွင် သင်တန်းတက်ရောက်သူများအတွက် ရရှိနိုင်မည့်အကျိုးကျေးဇူးများ❓
သင်တန်းပြီးမြောက်ချိန်တွင် သင်တန်းတက်ရောက်သူများမှ မိမိတို့၏ စီးပွားရေးအတွက် အသုံးချနိုင်မည့် စီးပွားရေးစီမံကိန်းများ လုပ်ဆောင်နိုင်မည့်အပြင် ထို စီမံကိန်းများကို တင်ပြခြင်းဖြင့် အကောင်းဆုံးစီမံကိန်းများအား ဆုကြေးငွေများလည်းချီးမြှင့်သွားမည် ဖြစ်ပါသည်။
သင်တန်းကြာချိန်နှင့် သင်ကြားမည့်အချိန်❓
☑️သင်တန်း၏ သင်ကြားမှုမှာ လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ (Business Idea Stage) အတွက် သင်တန်းအချိန်မှာ မနက် (၉) နာရီ မှ နေ့လယ် (၁၂) နာရီ အထိ အချိန် (၃) နာရီ သင်ကြားသွားမည် ဖြစ်ပါသည်။ သင်ကြားမည့်ရက်များမှာ အပတ်စဉ်တိုင်း၏ သောကြာ၊ စနေ၊ တနင်္ဂနွေ ရက်များတွင် သင်ကြားသွားမည်ဖြစ်ပါသည်။ သင်တန်းကြာချိန်မှာ စုစုပေါင်း (၄) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။
☑️လုပ်ငန်းလက်ရှိလုပ်ကိုင်နေသောသူများ (Business Ongoing Stage) အတွက် သင်တန်းအချိန်မှာ ညနေ (၅) နာရီ မှ ည (၈) နာရီအထိ အချိန် (၃) နာရီ သင်ကြားသွားမည် ဖြစ်ပါသည်။ သင်ကြားမည့်ရက်များမှာ အပတ်စဉ်တိုင်း၏ သောကြာ၊ စနေ၊ တနင်္ဂနွေ ရက်များတွင် သင်ကြားသွားမည်ဖြစ်ပါသည်။ သင်တန်းကြာချိန်မှာ စုစုပေါင်း (၄) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။
❗️အောက်ဖော်ပြပါ လင့်ခ်များတွင် လိုအပ်သောအချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာပိတ်သိမ်းမည့်ရက်မှာ အောက်တိုဘာလ (၁၉) ရက်၊ အင်္ဂါနေ့၊ ၂၀၂၁ ဖြစ်ပါသည်။❗️
➡️Business Idea Stage (လုပ်ငန်း စတင်လုပ်ကိုင်လိုသူများ ) ဖြည့်သွင်းရမည့် လင့်ခ်: https://bit.ly/YgnMdyKachinBusinessIdeaStageApplicationForm
➡️Business Ongoing Stage (လုပ်ငန်းလက်ရှိ လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များ) ဖြည့်သွင်းရမည့် လင့်ခ်: https://bit.ly/YgnMdyKachinBusinessOngoingStageApplicatio…
❗️သင်တန်း တစ်ခုချင်းစီတိုင်းတွင် လူဦးရေ ကန့်သတ်မှု ရှိပါသောကြောင့် အမြန်ဆုံး စာရင်းပေးသွင်းကြပါရန် တိုက်တွန်းအပ်ပါသည်။❗️
💢 မှတ်ချက်။ ။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသော တစ်ဦးချင်းစီတိုင်းကို အွန်လိုင်း (Online) သင်ကြားရာမှာ လွယ်ကူချောမွေ့စေရန် အတွက် အင်တာနက် သုံးစွဲမှု အခကြေးငွေ (Mobile Data) အား ထည့်သွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *