08 Aug
“European Market Information Update and Panel Discussion” ပွဲကို ဇူလိုင်လ (၂၄) ရက် ၂၀၂၂၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ရှိ Park Royal Hotel မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိပြုလုပ်ခဲ့ပါတယ်။
ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို ဉရောပဈေးကွက်အထိ တိုးချဲ့နိုင်စေရန် ပို့ကုန်တင်ပို့ခြင်းနဲ့ ပက်သက်တဲ့ လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များနဲ့ ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်မဲ့ နည်းလမ်းများနဲ့ ပက်သက်တဲ့ ဗဟုသုတများကို ရစေလိုသော ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ထိုပွဲမှာ Golden Bay Limited ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးမျိုးညွန့်၊ ARISE Plus Myanmar Program ရဲ့ Senior National SPS Adviser ဖြစ်သူ ဦးတင့်ဝေနှင့် Mya Ayer Group of Companies ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးရဲထွဋ်ထိပ် တို့မှ Panelist အဖြစ်ပါဝင်ခဲ့ကြပြီး အလှူ့အမရဲ့ CEO နဲ့ Co-founder ဖြစ်တဲ့ မသီရိအောင်မှ Moderator အနေနဲ့ ဉရောပဈေးကွက်နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ ပွဲအစတွင်လည်း ARISE Plus Myanmar Program ရဲ့ Senior National SPS Adviser ဖြစ်သူ ဦးတင့်ဝေမှ ဉရောပဈေးကွက်အတွက်အသင့်ဖြစ်စေရန် စည်းမျဉ်းသတ်မှတ်ချက်များနဲ့ ပက်သက်ပြီး တင်ပြဆွေးနွေးခဲ့ပါသေးတယ်။ ထိုပွဲမှာ ပွဲသို့တက်ရောက်လာသူများမှ ဉရောပဈေးကွက်နဲ့ပက်သက်ပြီး အပြန်အလှန်မေးခွန်းများမေးခြင်း Panelist များမှ ပြန်လည်မျှဝေပေးခြင်းတို့ဖြင့် ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ထို့အပြင် “Preparation Program for Exportation and European Market Readiness” မှာပါဝင်တဲ့ လုပ်ငန်းများမှလည်း ၄င်းတို့ရဲ့ ဆန်းသစ်ပြီး ပြည်ပကို တင်ပို့နိုင်တဲ့ ပြည်တွင်းထုတ်ကုန်များကို ပွဲမှာပြသပေးခြင်းတို့ကို ပြုလုပ်ခဲ့တဲ့ အပြင် အခြားသောစိတ်သဘောတူ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနဲ့ တွေ့ဆုံချိတ်ဆက် ဆွေးနွေးခြင်းများလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။
The “European Market Information Update and Panel Discussion” was hosted on 24th July 2022 (Sunday) from 1pm to 4pm at Park Royal Hotel, Yangon.
The purpose of this event is for the MSMEs in Myanmar to have the knowledge of exportation procedures, requirements and the way to gain foreign market access in order to expand their businesses in Europe Market. In the event, U Myo Nyunt (Managing Director of Golden Bay Limited), U Tint Wai (Senior National SPS Adviser of ARISE Plus Myanmar Program) and U Ye Htut Htake (Managing Director of Mya Ayer Group of Companies) have been invited as panelists and Ma Thiri Aung (CEO and Co-founder of Ahlu Ama) as moderator. In addition, U Tint Wai (Senior National SPS Adviser of ARISE Plus Myanmar Program) also presentated and discussed about European Market Readiness Regulation Guidelines. The event has been successfully finished with a fruitful discussion interacted between the audiences sharing the updated information about the European Market by the panelists.
Moreover, the participants from the “Preparation Program for Exportation and European Market Readiness” has showcased their exportable and innovative local products at the event and they have also got a chance to connect, network and have a discussion with other like-minded MSME business owners and business experts as well.

Leave a Reply

Your email address will not be published. Required fields are marked *