18 Jan
၂၀၂၁ ခုနစ်သည် Impact Hub Yangon အတွက်သာမက မြန်မာနိုင်ငံသားများအားလုံးအတွက် တကယ်ကို ခက်ခဲပြီး ကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း Impact Hub Yangon အနေနဲ့ အခက်အခဲ၊ အတားအဆီးများကြားမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ Startup များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးနိုင်တဲ့ ပရိုဂရမ်များကို ဆက်လက်ပြီး အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
Impact Hub Yangon မှ ၂၀၂၁ ခုနစ် မှာပြုလုပ်ခဲ့တဲ့ ပရိုဂရမ်များ၊ လှုပ်ရှားမှုများ အကြောင်းကို အကျဉ်းချုပ်တင်ပြပါရစေ။ ဒီ Impact Hub Yangon ရဲ့ ၂၀၂၁ လှုပ်ရှားမှု အကျဉ်းချုပ်ခရီးလေးမှာ အတူတကွ လိုက်ပါကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
၂၀၂၁ မှာ Impact Hub Yangon အနေနဲ့ Impact Hub Asia Pacific, FNF Myanmar, SUN Business Network (SBN) Myanmar, UN World Food Program, LIFT Myanmar, UNDP Myanmar, HEKS, UN Women, UNCDF နဲ့ GIZ Myanmar စတဲ့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အတူတကွ စုစုပေါင်း ပရိုဂရမ် (၆) ခုနှင့် ပရောဂျက် (၃) ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ထို ပရိုဂရမ်နှင့် ပရောဂျက်များကို အဓိကအားဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ စီးပွားရေးစတင်ရန် စိတ်ကူးရှိသော လူငယ်များ၊ Startups များ၊ ထိလွယ်ရှလွယ်သော လူ့အဖွဲ့အစည်းများနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား အထူးပို့ချနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနစ်မှာ ပြုလုပ်ခဲ့တဲ့ ပရိုဂရမ်နှင့် ပရောဂျက်များမှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ လူမှုအကျိုးပြုစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စားသောက်ကုန်လုပ်ငန်းများ၊ အမျိုးသမီးဦးဆောင်သော လုပ်ငန်းများ၊ ဂျင်းထုတ်လုပ်သူများ နှင့် လူငယ်များသာမက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ထိလွယ်ရှလွယ်သော လူမှုအသိုင်းအဝိုင်းများကိုလည်း ကူညီပံ့ပိုးပြီး မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

Impact Hub Yangon အနေနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ တိုးတက်မှု၊ စားသောက်ကုန်တီထွင်ဆန်းသစ်ခြင်း၊ ကျား/မရေးရာကဏ္ဌ နှင့် အာဟာရကဏ္ဌ အစရှိသည့် ကဏ္ဌများတွင် အကျိုးသက်ရောက်မှုများ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ယခုတွင် ထိုပရိုဂရမ်များမှ ပါဝင်သူများဟာ ရရှိခဲ့သော ဗဟုသုတများနှင့် စွမ်းရည်များကို အသုံးချပြီး မိမိရဲ့ရပ်ရွာကို ပြန်လည်အကျိုးပြုမှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရပါတယ်။ ထို့အပြင် ကိုဗစ်-၁၉ နှင့် နိုင်ငံရေးအခြေအနေများကြောင့် ဖြစ်ပွားခဲ့တဲ့ အခက်အခဲများကြားမှလည်း မိမိတို့ရဲ့ လုပ်ငန်းများအား ကုစားပြီး ပြန်လည်ထူထောင်လည်ပတ်လျက်ရှိပါတယ်။

၂၀၂၁ တွင် Impact Hub Yangon သည် Community Working Space များ – သင်္ဃန်းကျွန်း Community Working Space နှင့် Kitchen Hub များအနေဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် startups များအတွက် ဝန်ဆောင်မှုများလည်းပေးနိုင်ခဲ့ပါတယ်။ ယောမင်းကြီးတွင်ရှိသော Community Working Space ကိုတော့ အခြေအနေအကြောင်းကြောင်းကြောင့် ၂၀၂၁ ဖေဖော်ဝါရီလမှ စတင်ပြီး လတ်တလောတွင် ပိတ်ထားဆဲဖြစ်ပါတယ်။

Community Working Space များကနေတစ်ဆင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်ပေးပြီး အသိအညာအတွေ့အကြုံများဖလှယ်နိုင်တဲ့ လူမှုအသိုက်အဝန်းနှင့်လည်း ထိတွေ့ခွင့်ပေးခြင်းအပြင် ယခုကဲ့သို့ခက်ခဲနေသော ကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းများအား ပြန်လည်ထူထောင်ရန်နဲ့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် လမ်းပြအကြံပေး ဆွေးနွေးမှုများ၊ ပံ့ပိုးပေးမှုများလည်း ပံ့ပိုးပေးခဲ့ပါတယ်။

ဒါ့အပြင် Kitchen Hub မှတစ်ဆင့် စားသောက်ကုန် စမ်းသပ်ထုတ်လုပ်သည့်နေရာ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များနှင့် သင်တန်းများ ပို့ချပေးခြင်းဖြင့် စားသောက်ကုန်နယ်ပယ်အတွင်းမှာ ရှိတဲ့ လုပ်ငန်းများနှင့် လုပ်ငန်းရှင်များအား ပံ့ပိုးကူညီနိုင်ခဲ့ပါတယ်။

Impact Hub Yangon ရဲ့ Community Working Space ရဲ့ အသေးစိတ်အချက်အလက်တွေကို www.impacthubyangon.net မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Kitchen Hub ရဲ့ အသေးစိတ်အချက်အလက်တွေကို www.kitchenhub.com.mm မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Impact Hub Yangon ရဲ့ ၂၀၂၁ လှုပ်ရှားမှု အကျဉ်းချုပ်ခရီးလေးကို အဆုံးထိ အတူတကွ လိုက်ပါကြည့်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။

မိတ်ဆွေတို့နဲ့အတူ ၂၀၂၂ မှာ စွန့်ဦးတီထွင်နယ်ပယ်အား ပိုမိုကောင်းမွန်အောင်တည်ဆောက်ပြီး အကျိုးသက်ရောက်မှုများ အတူတကွ ဖန်တီးနိုင်ဖို့အတွက် မျှော်လင့်နေပါပြီ။

ချစ်ခြင်းများစွာဖြင့်
Impact Hub Yangon

When we look back to the year 2021, it was really challenging and difficult for Impact Hub Yangon as well as for everyone else in Myanmar. Despite the obstacles and hardness caused by the pandemic and political situations, we continued to carry out programs and projects in order to support startups, entrepreneurs and MSMEs in Myanmar as a business incubator and ecosystem builder. We would like to thank our partners and community to make this happen and we could not do it without you.
We would like to share the recap of our programs and projects in 2021. Let’s look back in our 2021 recap journey together!
In 2021, Impact Hub Yangon could deliver (6) programs and (3) projects together with Impact Hub Asia Pacific, FNF Myanmar, SUN Business Network (SBN) Myanmar, UN World Food Program, LIFT Myanmar, UNDP Myanmar, HEKS, UN Women, UNCDF and GIZ Myanmar mostly targeting SMEs, entrepreneurs, youths, startups, vulnerable groups and women business owners in different parts of Myanmar.
Through the programs and projects in 2021, we could support and empower social entrepreneurs, SME owners, food enterprises, food businesses, women-led enterprises, ginger producers and youths from different parts of Myanmar namely Yangon, Mandalay, Nay Pyi Taw, Southern Shan State, Northern Shan State, Kachin, Rakhine, Magway, Bago, Sagaing, Mon and Tanintharyi as well as the people in IDPs of Lashio.

We could also bring impacts to these sectors of SME Development, Food Innovation, Gender Transformation and Nutrition. Now, the participants from these programs are contributing back to their communities with what they got from the trainings and they could recover their businesses from these roadblocks and hardness caused by the pandemic and political situations.

In 2021, we could serve as community spaces for entrepreneurs and startups as in Thingangyun Community Working Space and Kitchen Hub although we temporarily closed one of our co-working spaces in Yaw Min Gyi because of the immediate situations.

Through the community spaces, we provided the community of like minded people to connect and enable each other’s businesses as well as could support entrepreneurs and SMEs with coaching, mentoring and consultations for business recovery and continuing operation amid these uneasy times.

Additionally through the Kitchen Hub, we could empower entrepreneurs, startups and cottage businesses in food industry by offering food labs, food production facility, capacity building programs and training facility.

For more information about our community working space, please visit http://www.impacthubyangon.net

More about Kitchen Hub, please go to http://www.kitchenhub.com.mm

Thank you for joining our 2021 recap journey together till the end.

We look forward to building a better entrepreneurial ecosystem in Myanmar together with you and let’s continue to create impact together!

With loves and hugs,
Impact Hub Yangon

Leave a Reply

Your email address will not be published. Required fields are marked *