08 Aug
MEET OUR MEMBER!
Impact Hub Yangon ရဲ့ co-worker များထဲမှ တစ်ဦးနဲ့ တွေ့ဆုံပြီး အင်တာဗျုး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ Impact Hub Yangon နဲ့ပက်သက်ပြီး co-worker များမှဘယ်လိုအမြင်များရှိသလဲနဲ့ အခုလိုခက်ခဲတဲ့ အခြေအနေများမှာ အခြားသောစွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုလည်း အားပေးစကားပြောထားပုံကို ကြည့်လိုက်ကြရအောင်နော်။
ကိုထက်အောင်လှိုင်ဟာ Binary Digital Solution ရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။
Binary Digital Solution ဟာ ဒစ်ဂျစ်တယ်နည်းပညာများကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီးတော့ လက်ရှိမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများရဲ့ ဒစ်ဂျစ်တယ်နည်းပညာများ တပ်ဆင်ရာမှာ ပံ့ပိုးကူညီပေးနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် POS (point of sales) စနစ်များ တပ်ဆင်ခြင်း၊ ecommerce ပလက်ဖောင်းများ ပြုလုပ်ပေးခြင်းနဲ့ အခြားဒစ်ဂျစ်တယ်နဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်များကို သက်သာတဲ့ ဈေးနှုန်းများနဲ့ စားသောက်ဆိုင်များ၊ ကဖေးဆိုင်များနဲ့ မီနီမတ်များကို ဝန်ဆောင်မှုပေးနေတာပဲဖြစ်ပါတယ်။ အသေးစားနဲ့ အငယ််စားလုပ်ငန်းများကို ပံ့ပိုးပေးသည့်ဉပမာအနေနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများအနေနဲ့ ecommerce ပလက်ဖောင်း တစ်ခုတပ်ဆင်မယ်ဆိုလျှင် ငွေကုန်ကြေးကျအလွန်များနိုင်တဲ့အတွက် Binary Digital Solution မှ လစဉ်ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုကိုပါ ပေးနေတာကြောင့် အသေးစားလုပ်ငန်းများအနေနဲ့ နည်းပညာများကို ဈေးနှုန်းသက်သာစွာနဲ့ သုံးနိုင်တာပဲဖြစ်ပါတယ်။
Impact Hub Yangon နဲ့ပက်သက်ပြီး ကြိုက်နှစ်သက်တဲ့ အချက်လေးများ ရှိပါသလား?
Impact Hub Yangon အနေနဲ့ Binary Digital Solution လိုမျိုး အသေးစား၊ အငယ်စားလုပ်ငန်းများနဲ့ startups များအတွက် ဈေးနှုန်းသင့်တော်တဲ့အပြင် လုပ်ငန်းခွင်မှာ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်း အပြည့်အစုံဖြစ်တဲ့ လေဝင်လေထွက်စနစ်၊ အင်တာနက်နဲ့ အစည်းအဝေးခန်းမများကို ပေးနိုင်တဲ့ co-working space များငှားပေးနေတာကို‌ တွေ့ရပါတယ်။ အခုလိုမျိုး ခက်ခဲတဲ့ အချိန်များမှာ startups များနဲ့ အသေးစား၊ အငယ်စားလုပ်ငန်းများရဲ့ လုပ်ငန်းလည်ပတ်တဲ့နေရာမှာ ဈေးနှုန်းသင့်တင့်တဲ့ co-working space များအသုံးပြုနိုင်ခြင်းက လုပ်ငန်းရေရှည်တည်တံ့ခြင်းနဲ့ လုပ်ငန်းလည်ပတ်ခြင်းအတွက် အလွန်အဆင်ပြေစေတာပဲ ဖြစ်ပါတယ်။
အခုလိုမျိုး ခက်ခဲတဲ့ အခြေအနေများမှာ အခြားသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အားပေးစကားများ ရှိပါသလား?
ကျွန်တော့်အနေနဲ့ အခုလိုမျိုးခက်ခဲတဲ့ အခြေအနေများကို ဖြတ်ကျော်နေရတဲ့ကာလမှာ startups များအတွက် အရှုံးမပေးဘဲ ဆက်လက်ရပ်တည်နိုင်ခြင်းဟာ အရေးအကြီးဆုံးပဲလို့ ထင်ပါတယ်။ အခြားသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုလည်း အလွယ်တကူ အရှုံးမပေးဘဲ ဈေးကွက်ထဲမှာ ဆက်လက်ရှင်သန်နိုင်အောင် အားတင်းထားကြပါလို့ အားပေးချင်ပါတယ်။
MEET OUR MEMBER!
We conducted an interview with one of our co-workers of Impact Hub Yangon. Let’s look at how our co-worker feels about Impact Hub Yangon and his motivational words for the fellow entrepreneurs during these difficult times.
Ko Htet Aung Hlaing is the founder of Binary Digital Solution.
About Binary Digital Solution?
Binary Digital Solution is a digital service provider supporting SMEs, MSMEs and small businesses in their digital transformation such as setting up POS (point of sales) system hardware and software, ecommerce website and other digital applications. They have been providing affordable digital services to the MSMEs and small businesses of mostly Restaurants, Cafes, Minimarts. As an example, setting up an ecommerce platform can cost a lot for a MSME but Binary Digital Solution provides an affordable monthly subscription service so that the MSME could use these technologies at an affordable rate.
Any Hub Highlight?
Impact Hub Yangon is offering startups and MSMEs like them with affordable working space and office space with full facilities of air conditioning, internet, meeting room. It makes the startups like them more convenient in their operations in surviving through this difficult time.
Any words of encouragement for the fellow entrepreneurs during this difficult time?
I think the most important thing for startups is being resilient and survival during these difficult times. I like to encourage other fellow entrepreneurs not to give up easily because it is important to remain in the market.
For more information about Impact Hub Community, please visit www.impacthubyangon.net

Leave a Reply

Your email address will not be published. Required fields are marked *