နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ပဲဖြစ်ပါတယ်။ လူငယ်များဟာ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုများကို လုပ်ဆောင်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဌမှပါဝင်နေတာဖြစ်ပါတယ်။ ပိုမိုညီမျှပြီး အားလုံးပါဝင်တဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးဖို့ဆိုရင် မျိုးဆက်တစ်ခုနဲ့တစ်ခုကြားမှာ ချိတ်ဆက်မှုများကို အားကောင်းအောင်လုပ်ဖို့အရေးကြီးပါတယ်။ ထို့ကြောင့် မျိုးဆက်တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ အတားအဆီးများဖြစ်တဲ့ အသက်အရွယ်နဲ့ပက်သက်ပြီး ခွဲခြားဆက်ဆံခြင်းများနဲ့ stereotypes များကို သတိပြုမိပြီး ဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ်။ ထိုကြောင့် ယခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို “Intergenerational Solidarity” မျိုးဆက်တစ်ခုနဲ့တစ်ခုကြား ချိတ်ဆက်မှုအားကောင်းစေခြင်း အပေါ်မှာအသားပေးထားခြင်းဖြစ်ပါတယ်။အ ပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုခြင်းနှင့်အတူ ရန်ကုန်မှာရှိတဲ့ လူငယ်များအတွက် အလုပ်အတွေ့အကြုံနဲ့ စွမ်းရည်များ မြှင့်တင်နိုင်မဲ့ “Youth Innovation…
THE WAIT IS OVER! “Youth Innovation Challenge: Capacity Building & Internship Opportunities for Young Leaders’' အတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သင်ဟာ စွန့်ဦးတီထွင်ခြင်း၊ ဆန်းသစ်ဖန်တီးခြင်းနဲ့ ဆန်းသစ်တဲ့စီးပွားရေး စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်လိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပါသလား? သင်ဟာ လက်ရှိမှာ အလုပ်သင်အတွေ့အကြုံများနဲ့ ပညာဆက်လက်သင်ယူဖို့အတွက် အရည်အသွေးမြှင်တင်နိုင်မဲ့ အခွင့်အရေးကို ရှာဖွေနေသူတစ်ယောက်ဖြစ်ပါသလား? သင်ဟာ အသက် (၃၀) အောက်လူငယ်တစ်ယောက်ဖြစ်ပြီး မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ စဉ်ဆက်မပြတ်လေ့လာလိုသူတစ်ယောက် ဖြစ်ပါသလား? သင်ဟာ (၂) လတာကြာမြင့်မဲ့ အလုပ်သင်အစီအစဉ်နဲ့ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းကို အချိန်ပြည့်တက်ရောက်နိုင်သူ တစ်ယောက်ဖြစ်ပါသလား?…
Opportunity Alert! ရန်ကုန်မှာရှိတဲ့ လူငယ်များအတွက် အကျိုးရှိစေမဲ့ အခွင့်အလမ်းကောင်းတစ်ခုကို မကြာမီမှာ ယူဆောင်လာပေးဖို့ရှိပါတယ်။ သတင်းကောင်းတစ်ခုကတော့ အခုအစီအစဉ်မှာဆိုရင် အလုပ်သင်အတွေ့အကြုံများ၊ အနာဂတ်လုပ်ငန်းခွင်ဝင်ရောက်ဖို့ လိုအပ်တဲ့ အရည်အသွေးမြင့်တင်မှုများ အပြင် အခြားသောခံစားခွင့်များကိုပါ ရရှိနိုင်မဲ့ အခွင့်အလမ်းများ လဲပါဝင်ဖို့ရှိပါတယ်။ ဒါကြောင့် အလုပ်သင်အတွေ့အကြုံရှာဖွေနေတဲ့ လူငယ်များ၊ ကိုယ့်အရည်အသွေးကို မရပ်မနားပဲ ဆက်လက်မြှင့်တင်ချင်တဲ့ လူငယ်များနဲ့ ဆန်းသစ်ဖန်တီးမှုများပြုလုပ်ချင်တဲ့လူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်တာမို့ စိတ်ဝင်စားသူများအနေနဲ့ အောက်က Link ထဲမှာ Pre-signup Form လေးဖြည့်ထားပေးဖို့ ဖိတ်ခေါ်ပါတယ်နော်။ https://bit.ly/presignupform အစီအစဉ်နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်များကိုတော့ မကြာမီမှာ Impact Hub Yangon ရဲ့ Facebook Page ကနေတင်ပေးသွားမှာ ဖြစ်တာမို့…
“European Market Information Update and Panel Discussion” ပွဲကို ဇူလိုင်လ (၂၄) ရက် ၂၀၂၂၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ရှိ Park Royal Hotel မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိပြုလုပ်ခဲ့ပါတယ်။ ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို ဉရောပဈေးကွက်အထိ တိုးချဲ့နိုင်စေရန် ပို့ကုန်တင်ပို့ခြင်းနဲ့ ပက်သက်တဲ့ လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များနဲ့ ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်မဲ့ နည်းလမ်းများနဲ့ ပက်သက်တဲ့ ဗဟုသုတများကို ရစေလိုသော ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ထိုပွဲမှာ Golden Bay Limited…
MEET OUR MEMBER! Impact Hub Yangon ရဲ့ co-worker များထဲမှ တစ်ဦးနဲ့ တွေ့ဆုံပြီး အင်တာဗျုး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ Impact Hub Yangon နဲ့ပက်သက်ပြီး co-worker များမှဘယ်လိုအမြင်များရှိသလဲနဲ့ အခုလိုခက်ခဲတဲ့ အခြေအနေများမှာ အခြားသောစွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုလည်း အားပေးစကားပြောထားပုံကို ကြည့်လိုက်ကြရအောင်နော်။ ကိုထက်အောင်လှိုင်ဟာ Binary Digital Solution ရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ Binary Digital Solution ဟာ ဒစ်ဂျစ်တယ်နည်းပညာများကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီးတော့ လက်ရှိမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းများရဲ့ ဒစ်ဂျစ်တယ်နည်းပညာများ တပ်ဆင်ရာမှာ ပံ့ပိုးကူညီပေးနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် POS…
Falling Walls Lab Myanmar မှ ၂၀၂၂ ခုနစ် Falling Walls ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသားများ၊ စွန့်ဦးတီထွင်သူများ၊ ဆန်းသစ်သော စိတ်ကူးစိတ်သန်းရှိသူများအား ခေါ်ယူလျက်ရှိပါတယ်။ နယ်ပယ်အသီးသီးဖြစ်သော စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံ၊ စီးပွားရေးနှင့် ဒဿနိကဗေဒမှအစ အခြားသော လစ်ဗရယ်ပညာရပ်များမှ ထူးချွန်သူများမှ လျှောက်ထားနိုင်ပါတယ်။ သတ်မှတ်ချက်များအနေဖြင့် လျှောက်ထားသူ၏ ဘွဲ့ရရှိသည့်အချိန်မှာ (၁၀) နှစ်ကျော် မဖြစ်ရပါ။ လျှောက်ထားသူသည် မဟာဘွဲ့ရရှိထားပါက ဘွဲ့ရရှိထားသည်မှာ (၇) နှစ်ထပ်ကျော်လွန်ခြင်းမဖြစ်ရပါ။ လျှောက်ထားသူသည် သမားတော်ဘွဲ့ရရှိထားပါက ဘွဲ့ရရှိထားသည်မှာ (၅) နှစ်ထပ်ကျော်လွန်ခြင်းမဖြစ်ရပါ။ ဘွဲ့လွန်တက်နေသောကျောင်းသားများနှင့် လက်ရှိမှာ တက္ကသိုလ်တက်နေသော ကျောင်းသားများလည်းလျောက်ထားခွင့်ရှိတယ်။ ရွေးချယ်ခြင်းခံရပါက ဘယ်တွေမျှော်လင့်နိုင်ပါသလဲ?…
“Preparation Program for Exportation and European Market Readiness” ကိုစိတ်ပါဝင်စားစွာနဲ့ အချိန်ပေးလျှောက်ထားခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ တင်သွင်းလာသောလျှောက်လွှာများအားလုံးကို အကဲဖြတ်ကော်မတီဖွဲ့စည်းကာ ကြည့်ရှုစစ်ဆေးနေပြီဖြစ်ပါတယ်။ အကဲဖြတ်ကော်မတီတွင် EuroCham Myanmar၊ Delegation of German Industry & Commerce in Myanmar နှင့် ပို့ကုန်တင်ပို့ခြင်းနှင့်ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး၊ FNF Myanmar၊ Impact Hub Yangon မှ အကဲဖြတ်သူများ အဖြစ်ပါဝင်ကူညီပေးထားခြင်း ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများအား အုပ်စု (၂) စုခွဲကာ ရွေးချယ်သွားမှာဖြစ်ပြီး အုပ်စုတစ်စုစီတွင် လုပ်ငန်း (၂၅)ခု ပါဝင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားလျှောက်ထားသူများ များပြားလွန်းတဲ့အတွက်ကြောင့်…
Cartier Women’s Initiative မှ ၂၀၂၃ ခုနစ်အတွက် လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေတဲ့ အမျိုးသမီး စွန့်ဦးတီထွင်သူများ၊ ဆန်းသစ်ဖန်တီးသူများနှင့် လူမှုရေးရာ ပြောင်းလဲလုပ်ဆောင်သူများအား ခေါ်ယူလျက်ရှိပါတယ် Cartier Women’s Initiative ဆိုတာဘာလဲ? Cartier Women’s Initiative သည် နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ စွန့်ဦးတီထွင်ခြင်းနဲ့ ပက်သက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အမျိုးသမီးဦးဆောင်တဲ့ လုပ်ငန်းများနဲ့ အမျိုးသမီးပိုင်ဆိုင်တဲ့ လုပ်ငန်းများကို ရေရှည်တည်တံ့တဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများကို ဖန်တီးစေနိုင်ရန် ရည်ရွယ်ပြီးပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနစ်မှစတင်ကာ Cartier Women’s Initiative သည် အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်တို့ကို ငွေကြေးအထောက်အပံ့များပေးခြင်း၊ လူမှုရေးနှင့် လူသားအရင်းအမြစ်ထောက်ပံ့မှုများပေးခြင်းဖြင့်…
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြုလုပ်သွားမဲ့ “တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်း” အစီအစဉ်မှာပါဝင်လျှောက်ထားရန် ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဂျင်းတောင်သူများ၊ တန်ဖိုးမြှင့်ဂျင်းစားသောက်ကုန်ထုတ်လုပ်သူများနှင့် စားသောက်ကုန်ထုတ်လုပ်သူများအား ခေါ်ယူလျက်ရှိပါတယ်။ မြန်မာလူမျိုးများရဲ့ နေ့စဉ်ဘဝမှာ ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ဆေးဝါးအနေဖြင့်လည်း အသုံးပြုလေ့ရှိကြပါတယ်။ ဂျင်းကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိနေရာဒေသအတော်များများမှာလည်း ဂျင်းကို အလွယ်တကူရရှိနိုင်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်ဘဝမှာ ဂျင်းသည် မရှိမဖြစ်ပင်ဖြစ်သော်လည်း ဂျင်းကိုအသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းမှာ အလွန်ပင်နည်းပါးလျက်ရှိနေပါသေးသည်။ ထိုသို့ဖြစ်ရသည်မှာ နည်းပညာများ မရရှိခြင်းနဲ့ ဈေးကွက်အခွင့်အလမ်းများ နည်းပါးနေခြင်းတို့ကြောင့်ပင် ဖြစ်ပါတယ်။ အကျိုးရလာဒ် အနေဖြင့် တန်ဖိုးမြှင့် ဂျင်းစားသောက်ကုန်များ ဈေးကွက်ထဲတွင်နည်းပါးလျက်ရှိပြီး ဂျင်းတောင်သူများအတွက်လည်း ဈေးကွက် အခွင့်အလမ်း…
"Preparation Program for Exportation and European Market Readiness" ပရိုဂရမ်၏ လျှောက်လွှာခေါ်ယူခြင်းအစီအစဉ်ကို ဇွန်လ (၅) ရက်နေ့၊ ၂၀၂၂၊ တနင်္ဂနွေနေ့ အထိတိုးမြှင့်လိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ပို့ကုန်တင်ပို့ခြင်း၊ ဉရောပဈေးကွက်သို့တင်ပို့ခြင်းနဲ့ မိမိရဲ့ စီးပွားရေး စွမ်းဆောင်ရည်များအပေါ်မှာ ကျွမ်းကျင်ပညာရှင်တို့ရဲ့ ပံ့ပိုးကူညီမှုများနှင့် ပို့ကုန်တင်ပို့ခြင်းကွန်ရက်များပိုမိုဖြန့်ကျက်နိုင်ရန်၊ ဉရောပဈေးကွက်ကို ထိတွေ့ခွင့်ရရှိမဲ့ အခွင့်အရေးများ အခုပဲလျှောက်ထားပြီး ရယူလိုက်ပါနော်။ လျှောက်ထားရန်။ ။ https://bit.ly/PreparationProgramforExportationandEuropeanMarketReadiness လျှောက်လွှာလုပ်ငန်းစဉ် (သို့မဟုတ်) ပရိုဂရမ်နှင့် ပက်သက်ပြီး သိရှိလိုပါက ဖုန်း (ကိုဘုန်းမြတ်ကျော် - ၀၉ ၉၇၃၄၇၄၁၄၁)၊ (မသဇင်ထွဋ် - ၀၉ ၉၆၃၂၈၇၉၁၂) (သို့မဟုတ်)…